Mon Mart Page ကိုစတင်တဲ့ နေ့လေးက 27.7.24 ရက်နေ့ပေါ့။
ကိုယ်က မော်လမြိုင်မှာမွေးတယ်။ မြိတ်မှာကြီးပြင်းတယ်။ မော်လမြိုင်မှာ အိမ်ထောင်ကျတော့ မော်လမြိုင်မှာပဲ အခြေချဖြစ်တယ်။
Mon Mart ရဲ့ရည်ရွယ်ချက်က ကိုယ့်မော်လမြိုင်သူ၊ မော်လမြိုင်သားတွေ နည်းပညာကို အသုံးချပြီး ဟင်းသီးဟင်းရွက် အသား၊ငါးတွေကို ဈေးသွားစရာမလိုပဲ အိမ်ကနေ သက်တောင့်သက်သာ မှာယူနိုင်စေဖို့ပါပဲ။
အိုင်ဒီယာလေးရှိပေမယ့် တကယ်လုပ်တဲ့အချိန်ရောက်တော့ ခေတ်အခြေနေအရ အချိန်ကောင်းမဟုတ်ပြန်ဘူး။
Facebook Page နဲ့ အဓိကအလုပ်လုပ်ရမှာကို Facebook က VPN တွေကျော်နေရတော့ အရင်လို အဆင်ပြေမနေဘူး။
ဒေါ်လာဈေး၊ ရွှေဈေးတွေတက်တော့ ကုန်စည်စီးဆင်းမှုတွေ အဆင်မပြေမှုကြောင့် ကုန်ဈေးနှုန်းတွေက ကြီးသထက်ကြီးမြှင့်လာတယ်။
အို ဘာဖြစ်ဖြစ် မှာယူတဲ့သူအားလုံး အဆင်ပြေနိုင်မလားဆိုတဲ့ စိတ်ကူးနဲ့ အကောင်အထည် ဖော်ဖြစ်တာပါပဲ။
အခက်အခဲလေးတွေတော့ရှိတာပေါ့။ ဈေးထဲကိုတောင် သိပ်မရောက်ဖူးတဲ့ ကိုယ်က အသီးအရွက် ဒိုင်တွေဆီ သွားဝယ်ရတယ်။ အမျိုးသမီးဆီကနေ ပြန်သင်ယူရတာပေါ့။😊
Page ကနေ Website ဆီရောက်ရင် မြန်ဆန်ပေါ့ပါးစွာ မှာယူနိုင်ဖို့ Hosting တွေဝယ်ရတယ်။
Page မှာ ကိုယ့်ရဲ့ ကာကာတွေ သတိတရ သတိထားမိအောင်လို့ ပုံတွေ၊ စာတွေ အချိန်အများကြီးယူပြီးပြင်ဆင်ရတယ်။
ဒါပေမယ့် ပျော်နေပါတယ်။ကာကာတွေရဲ့ မှတ်ချက်တွေကိုလည်း မျှော်နေပါတယ်။
အားပေးကြတဲ့ တဦးတယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်လို့🙏